စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကျောက်မဲမြို့ရှိ ဗဟိုမြို့မဈေး၌ ရောင်းချလျက်ရှိသောအခြေခံစားသောက်ကုန်များနှင့် သစ်သီးဝလံဈေးနှုန်းများအား (၂၇-၁-၂၀၂၃) ရက်နေ့တွင် မေးမြန်းစုံစမ်းခဲ့ရာ ပန်းမုန်လာ(အကြီး)တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ ငရုတ်သီးတစ်ပိဿာလျှင် (၄၀၀၀-၆၀၀၀)ကျပ်၊ မုန်လာထုပ်တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။
ထို့နောက် သစ်သီးဝလံဈေးနှုန်းများမှာ ပြောင်းဖူး(ထိုင်ဝမ်)တစ်ဖူးလျှင် (၈၀၀)ကျပ်၊ သံပရာသီး(မန္တလေး) (၁၀)လုံးလျှင် (၂၅၀၀)ကျပ်၊ လိမ္မော်သီး(အကြီး) (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဖရဲသီး(အကြီး)တစ်လုံးလျှင် (၆၀၀၀)ကျပ်၊ သခွားမွှေး(အကြီး) (၁)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ထောပတ်သီး (၁)လုံးလျှင် (၅၀၀)ကျပ်တို့ဖြစ်ကြောင်းသိရှိရပြီး သစ်သီးဝလံများသည် ယခင်နှစ်ထက်ပို၍ ဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။
DOCA(ရှမ်း)