၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၅၈၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၃၅၀ကျပ်၊ မနောသုခ တစ်ပြည် ၁၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၄၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၄၂၀၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၆၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၂၄၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကြက်ဥ လက်လီဈေးမှာ တစ်လုံး ၂၁၀ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၆၀၀ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၂၀၀ကျပ်မှ ၉၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)