တစ်ပိုင်တစ်နိုင်စီးပွားရေးနှင့် “ထုံချွင်”ကြာညို့လုပ်ငန်း

Powered by Drupal

      လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)ရှိ အသေးစား/အလတ်စား စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်နေသော “ထုံချွင်”ကြာညို့လုပ်ငန်းပိုင်ရှင်အား တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းလုပ်ငန်းသည်နှစ်(၅၀) ခန့်ကြာမြင့်နေပြီဖြစ်သော မိသားစုတစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။ ပဲပုပ်ကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုပြီး ကပ်စေးနှဲဖြင့်ရောနှော၍  စဉ့်အိုးထဲတွင် ရက်ကြာကြာစိမ်ထားပြီးနောက် အဆင့်ဆင့်ကြိုချက်ရကြောင်းသိရှိရပြီး ကုန်ကြမ်းများကိုလည်း သီပေါမြို့နှင့်နမ့်လန်မြို့များမှ အများဆုံးဝယ်ယူရကြောင်းသိရှိရပါသည်။ တစ်ရက်လျှင် မိုးပြဲဒယ်အိုး (၄)အိုးခန့်ကြိုချက်လျက်ရှိပြီး ပုလင်းအရေအတွက် (၆၀၀) ပုလင်းခန့်ရရှိကြောင်းသိရှိရပါသည်။ အလုပ်သမား(၆)ဦးနှင့် မိသားစုများစုပေါင်း၍ လုပ်ကိုင်လျက်ရှိသော တစ်ပိုင်တစ်နိုင်စီးပွားဖြစ် “ထုံချွင်”ကြာညို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အဓိကထား၍  ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)