ကွမ်းသီးနှင့် သီဟိုဠ်စေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ သီဟိုဠ်သီးများကို ဒေသအတွင်းစျေးများ တွင်ရောင်းချခြင်းများနှင့် သီဟိုဠ်စေ့များအား ခူးဆွတ်စုဆောင်း နေလှမ်းပြီးရောင်းချသည်များလည်း ရှိပါသည်။သီဟိုဠ်စေ့များမှ အဆန်များ ထုတ်ယူခြင်း လုပ်ငန်းအား လူအားဖြင့်အဆင့်ဆင့် ပြုလုပ်ပြီး လှော်၍ ရောင်းချသည်များကိုသာတွေ့ရှိရပါသည်။ပြည်တွင်းစျေးကွက်အနေဖြင့် သီဟိုဠ်စေ့အဆန် များကို မုန့်ဖုတ်ခြင်းလုပ်ငန်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်း သုံးစွဲခြင်းများ ၊လှော်ပြီး ရောင်းချခြင်းများကို တွေ့ရပါသည်။
သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး ယခု ဖေဖော်ဝါရီလတွင် သီဟိုဠ်စေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)