ဒေသထွက် ငရုတ်သီးမုန့်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသထွက်တန်ဖိုးမြင့်ထုတ်ကုန်များ အားပေးမြှင့်တင်ဆောင်ရွက်ရန် မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်ရှိ သိန်းမင်းငရုတ်သီးမှုန့် လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် သိန်းမင်းငရုတ်သီးမှုန့်လုပ်ငန်းရှင်မှ ငရုတ်သီးမှုန့်လုပ်ငန်းကို ၁၉၈၀ ခုနှစ်မှစတင်၍ ရှေးရိုးအတိုင်းလုပ်ကိုင်ခဲ့ရာမှ ယခုအခါ လုပ်သားအင်းအား (၃၀) ဦးဖြင့် ငရုတ်ခွဲကြမ်း၊ ငရုတ်ကြော်မှုန့်၊ ငရုတ်လှော်မှုန့်၊ ငရုတ်အရောင်တင်မှုန့်များထုတ်လုပ်ကြောင်း၊ ငရုတ်သီးမှုန့်ထုတ်လုပ်ရာတွင် အညှာချွေပြီး၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရန် ခေတ်မီ အခြောက်ခံစက်များဖြင့် အခြောက်ခံပြီး ထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်ခွဲကြမ်း၊ ငရုတ်လှော်မှုန့်၊ ငရုတ်ကြော်မှုန့်များကို ငရုတ်ရှည်ကိုအသုံးပြုပြီး၊ အရောင်တင်မှုန့်အတွက် ငရုတ်ပွကို အသုံးပြုကြောင်း၊ တစ်လကုန်ချော ထုတ်လုပ်နိုင်မှုမှာပိဿာချိန် (၅၀၀၀) ခန့်ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိစျေးကွက်အတွက် ငရုတ်ခွဲ ကြမ်း၊ ငရုတ်လှော်မှုန့်၊ ငရုတ်ကြော်မှုန့်များကို တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ၅ ကျပ်သားတစ်ထုပ်လျှင် (၁၁၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ်၊ မော်လမြိုင်၊ မြဝတီမြို့များသို့ တင်ပို့လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှလည်း မိမိတို့ဌာနမှဆောင်ရွက်နေသော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အဓိကျကသဖြင့် ဒေသထွက် လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ပြည်တွင်းစျေးကွက်သာမက ပြည့်စျေးကွက်ထိတင်ပို့နိုင်ရန် ရည်မှန်း၍ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း စျေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)