ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းဆက်လက်ကျဆင်း

Powered by Drupal

      ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောကြက်သွန်နီအလုံးကြီးတစ်ပိဿာဈေးနှုန်းမှာ ( ၃၅၀၀ )ကျပ်၊ အလုံးလတ်တစ်ပိဿာဈေးနှုန်းမှာ (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သောကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၃၈၀၀)ကျပ်နှင့် အလုံးလတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာ  ယခုဖေဖော်ဝါရီလဒုတိယပတ်နှင့် ယခင်ဇန်နဝါရီလဒုတိယပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီအလုံးကြီးတစ်ပိဿာလျှင် (၃၀၀)ကျပ်နှင့် အလုံးလတ်တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ကြက်သွန်နီရောင်းချသူများထံမှသိရပါသည်။

DOCA(ကယား)