နေ့စဉ် ဟင်းလျာထဲတွင်မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိပါသည်။
ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇန်နဝါရီလဒုတိယပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်ဇန်နဝါရီလဒုတိယပတ်နှင့် ယခုဖေဖော်ဝါရီလ ဒုတိယပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှသိရပါသည်။
DOCA(ကယား)