ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ပိတ်စွယ်သည်လည်း လူကြိုက်များသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပိတ်စွယ်ကိုလွိုင်ကော်မြို့ ဘုရားဖြူကျေးရွာနှင့် ဘုရားနီကျေးရွာတို့မှ ထွက်ရှိပြီး ရှမ်းပြည်နယ်အင်းလေးဒေသဘက်မှလည်း မှာယူရောင်းချလျက်ရှိပါသည်။
ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပိတ်စွယ်တစ်ပိဿာဈေးနှုန်းမှာ (၄၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ဒုတိယပတ်တွင် ပိတ်စွယ်တစ်ပိဿာဈေးနှုန်းမှာ (၃၈၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်ဇန်နဝါရီလ ဒုတိယပတ်နှင့် ယခုဖေဖော်ဝါရီလဒုတိယပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပိတ်စွယ်တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိ ပိတ်စွယ်ရောင်းချသော ဈေးသည်တစ်ဦးထံမှသိရပါသည်။
DOCA(ကယား)