ဈေးကွက်အတွင်းရှိ ပိန်းဥဈေးနှုန်း

Powered by Drupal

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပိန်းဥကို  လင်ဖုံလေး အထက်ရွာနှင့် လင်ဖုံလေး အောက်ရွာတို့တွင် အများဆုံးစိုက်ပျိုးရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ် ပင်လောင်းဘက်မှလည်း မှာယူရောင်းချကြပါသည်။

       ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပိန်းဥတစ်ပိဿာဈေးနှုန်းမှာ (၁၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလဒုတိယပတ် တွင် ပိန်းဥတစ်ပိဿာဈေးနှုန်းမှာ (၁၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခုဖေဖော်ဝါရီလဒုတိယပတ်နှင့် ယခင်ဇန်နဝါရီလဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပိန်းဥတစ်ပိဿာဈေးနှုန်းမှာ (၅၀၀) ကျပ်ခန့်ကျဆင်းသွားကြောင်း နောင်ယားဈေးရှိ ပိန်းဥရောင်းချသော ဈေးသည်တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)