မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံ အသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအားလက်လီဈေး၊ လက်ကားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။
ယင်းအမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပတီသီး၊ပဲထောင့်ရှည်၊ ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်၊မုန်ညင်း၊ ခရမ်းသီး၊သံပရာသီး၊ လိမ္မော်သီး၊ ပန်းသီး၊ အာဒါလွတ်၊ ပဲမြစ်၊ စိမ်းစားဥ၊ သစ်သီးဝလံ၊ ပန်းမျိုးစုံတို့အား ရောင်းချလျက်ရှိသည်။
ယင်းအမယ်မျိုးစုံများ၏ ယခုအပတ်ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျင် ကျပ်၃၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျင် ကျပ် ၁၀၀၀၊ အာလူးတစ်ပိဿာလျင် ကျပ် ၂၆၀၀၊ မုန်လာဥနီ တစ်ပိဿာလျင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျင် ကျပ် ၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀အတွင်း၊ မုန်ညင်းတစ်ထုပ်လျင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျင် ကျပ်၂၅၀၀၊ ခရမ်းသီး တစ်ပိဿာလျင် ကျပ်၂၀၀၀၊ ကန်စွန်းရွက် တစ်စီးလျှင် ကျပ် ၈၀မှ ၉၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စီးလျှင် ကျပ် ၈၀မှ ၁၀၀အတွင်း၊ ပဲထောင့်ရှည် တစ်စီးလျှင် ကျပ် ၃၀၀(အသေး)၊ပဲထောင့်ရှည် တစ်စီး ကျပ် ၁၀၀၀(အကြီး) သံပရာသီး တစ်လုံးလျင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလို ကျပ် ၂၅၀၀မှ ၄၀၀၀အတွင်း၊ ပန်းသီး တစ်လုံး ကျပ် ၅၀၀မှ ၁၅၀၀အတွင်း၊ စိမ်းစားဥ တစ်စီး ကျပ်၁၀၀၀၊ ပဲမြစ် တစ်ပိဿာ ကျပ် ၂၈၀၀၊ အာဒါလွတ် တစ်ပိဿာ ကျပ် ၂၀၀၀၊ ဘုရားပန်း မျိုးစုံအား တစ်စီးလျှင် ကျပ် ၁၅၀၀မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)