အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၂၂၀၀ )အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀ မှ ၁၅၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၅၀၀ မှ ၁၄၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၅၀၀) အတွင်း၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၈၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၂၄၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၃၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၅၀၀၀ မှ ၆၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၃၆၀၀ မှ ၃၈၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၅၀၀) အတွင်း၊ ဆလပ်ရွက် တစ်စီးလျှင် ကျပ် (၁၅၀ မှ ၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် (၆၅ မှ ၁၂၀) အတွင်း၊ ခရမ်းသီး (ရှည်) တစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၄၀ မှ ၁၂၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၂၄၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၂၀၀ မှ ၅၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၆၈၉၀၀)လုံးကျော်၊ ခရမ်းသီး (ရှည်) ပိဿာပေါင်း (၃၇၆၂၀)ပိဿာကျော်၊ ဘူးသီးအလုံးပေါင်း (၄၄၅၀)လုံးကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၅၈၀)လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၁၀၀၀)ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၅၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၉၃၁၅)ပိဿာကျော်၊ ဖရဲသီးလုံးပေါင်း (၉၆၀၀)လုံးကျော် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။
DOCA(ရန်ကုန်)