စားအုန်းဆီဈေးကားများရောင်းချနေမှုကြပ်မတ်ဆောင်ရွက်

Powered by Drupal

      စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၃၀-၁-၂၀၂၃ မှ ၅-၂-၂၀၂၃) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး၊ လက်ကားဈေးနှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင်  ၄၄၃၀ ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။

      အဆိုပါ ရန်ကုန်အထိုင်ဈေးရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူကုန်ကျစရိတ်များပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချခြင်းနှင့် ဈေးနှုန်းအဆမတန်ရောင်းချနေမှုများရှိ/မရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် (၃-၂-၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ရှိ အောင်မာဃလမ်းနှင့် အောင်ဇေယျလမ်းထိပ်နေပြည်သူများအား ဈေးကားအမှတ်(၁)ဖြင့်လည်းကောင်း၊ ရန်ကုန် သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် လွတ်လပ်ရေးလမ်းထိပ်နေပြည်သူများအား ဈေးကားအမှတ်(၂)ဖြင့်လည်းကောင်း၊ တစ်ဦးလျှင် တစ်ပိဿာ(၄၆၅ဝိ/-)ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများအား Zabu Kan Tun Trading Co.,Ltd က တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေများ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)