ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖေါ်ဝါရီလ ( ၁ ) ရက်နေ့မှ ဖေဖေါ်ဝါရီလ( ၇ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ အင်းမနှင့် ခရမ်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၅၀၀၀ မှ ၆၀၀၀)၊ ရေကြည်၊ ခရမ်းနှင့် အသုတ်မှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၀၊ မှော်ဘီနှင့် တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၃၀၀ မှ ၄၀၀)၊ မြစ်သားမှ ပဲမြစ်အလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၃၀၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၁၈ ကျပ်သားပါ တစ်ဘူးလျှင် ကျပ် ၁၂၀၀၊ ဆင်ဖြူကျွန်းမှ ဆီးသီး (စလေ) အလုံးကြီး ၈ ပြည်ပါ တစ်ခြင်းလျှင် ကျပ် ၁၂၀၀၀၊ ပြည် မှ ဆီးသီး (အချဉ်သီး) အလုံးကြီး ၁၃ ပြည်ပါ သေတ္တာတစ်လုံးလျှင် ကျပ် ၁၃၀၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥအလုံးကြီး ၁ တွဲလျှင် ကျပ် ၇၀၀၊ တွံတေးမှ သခမသီးအလုံးကြီး ၂၀ လုံးမှ ၃၅ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံးမှ ၄၅ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံးမှ ၈၀ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၄၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၉၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၂၅၀၀ မှ ၃၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၂၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၇၀၀ မှ ၁၀၀၀) ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)