ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ထနီးကျေးရွာ အခြေခံပညာမူလွန် ကျောင်းတွင် စားသုံးသူအခွင့်အရေးဦးစားပေးသိရှိနိုင်ဖို့ စားသုံးသူကာကွယ်ရေး လူငယ်အသိ ပညာပေးဟောပြောခြင်းကို မိတ်ဖက်ဌာနများနှင့်အတူ (၅.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ ကြပါသည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးရန်မသင့်သော ကုန်စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်းမရှိ သောကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်ပညာပေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းမပါဝင်သော ကုန််စည်များကိုလည်း ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်သည် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား နစ်နာမှုအမှန်ရှိလာပါက မှန်ကန်မျှတစွာ ကာကွယ်ထားသော ဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်းများကို အသေးစိတ်ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များအကြောင်းကိုလည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆို တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ခြင်းအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောပြီး ကျောင်းသူ၊ ကျောင်းသား ၊ ဆရာ/ ဆရာမ (၁၃၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)