ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့အနီးရှိ ထန်းပင်ဂွေ့အရှေ့ကျေးရွာ အ.ထ.ကခွဲ ကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ဖို့အတွက် မိတ်ဖက်ဌာန များနှင့်အတူ (၄.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ထန်းပင်ဂွေ့ ထ-ခွဲမှ ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲပြုလုပ် ကျင်းပခဲ့ ကြပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပါဝင် ကြပြီး လူငယ်များစာပေဖတ်ရှုရေးပညာပေး၊ ကျန်းမာရေး ဗဟုသုတတိုးပွားရေး၊ ကျန်းမာကြံခိုင် သော လူငယ်ဖွံ့ဖြိုးမှုအသိပညာများ၊ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို ဌာနအသီးသီးမှ ပညာပေး ဟောပြောခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁)၏ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၏ အဓိပ္ပါယ်ဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း နှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်း၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင် ထင်မှားခြင်း၊ ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ အစိုးရအဖွဲ့၊ ကော်မရှင်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဦးစီးမှူးရုံး၊ ကော်မတီ၊ စစ်ဆေးရေး အရာရှိ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့ အကြောင်းများကို အသေးစိတ် ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအကြောင်းကို လည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း နှင့် တိုင်ကြား ခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောပြော ပြီး ကျောင်းသူ၊ ကျောင်းသား ၊ ဆရာ/ဆရာမ (၁၈၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။