အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်စမုံ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁.၂.၂၀၂၃)ရက်နေ့တွင်ကျပ်(၂၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၇.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၅၈၀)အိတ်၊ နှမ်းပြာ(၁၄၀)အိတ်၊ နှမ်းနီ (၉၀) အိတ်နှင့် နှမ်းဖြူ(၆၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

       ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(HL) (၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၃၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၈၀၀၀) ဖြစ်၍ ကျပ်(၄၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၇၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၀၈၀၀)ဖြစ်၍ ကျပ်(၆၀၀)ဈေးမြင့်ခဲ့ ကြောင်း၊ မတ်ပဲ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၉၀၀၀) ဖြစ်၍ ကျပ်(၃၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ် ပမာဏအနေဖြင့် ပဲတီစိမ်း (၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၁၁၀၀)အိတ်၊ မတ်ပဲ(၉၀)အိတ်၊ ကုလားပဲ(HL)(၂၂၀) အိတ်၊ ဘိုကိတ်(ပြာ)(၂၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။

       မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊  မြေပဲလုံးဆံ(ဖြူ) (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၃၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့် (အစို)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(ဖြူ) (၃၀)ပိဿာဝင် (၂၅၀) အိတ်၊ မြေပဲလုံးဆံနီ (၁၀၀)အိတ်နှင့် မြေပဲတောင့်(အစို) (၈၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

       ဝါသီးနှံဈေးကွက်မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၃၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်တက်ခဲ့ပြီး ဝါပိဿာချိန် (၂၅၀၀၀)ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)