စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကိုပြည်နယ် အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များတွင်နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည် ၉.၂.၂၀၂၃ ရက်နေ့ ၁၀း၀၀နာရီ အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် အမှတ်(၃)အခြေခံပညာမူလတန်း (လွန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်နှင့် တာဝန် (၄)ချက်ကို အကျယ်တဝင့်ရှင်းလင်းခြင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအားရှင်းလင်းခြင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၅၁)ဦး၊ ဆရာ/ဆရာမ(၃)ဦး၊ စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)