ဈေးနှုန်းတည်ငြိမ်လျက်ရှိသော ငရုတ်သီးခြောက်ဈေးကွက်အခြေအနေ

Powered by Drupal

   ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေး ရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိပြီး၊ ဒေသထွက်ငရုတ်သီးတောင့်ရှည်(ပဒေါင်သီး)သီးသည် အလွန်စပ်သည်။ ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်နှင့်အပုခြောက် (ကုလားအော်သီးခြောက်)ဟူ၍ (၂)မျိုးရှိရာ ငရုတ်သီး ခြောက်တောင့်ရှည်မှာ အစပ်နည်းပြီး ဈေးနည်းကာ ကုလားအော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။

    ယခုလက်ရှိ ဖေဖော်ဝါရီလအတွင်း ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇန်နဝါရီလတွင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ရှိ၍ ယခင် ဇန်နဝါရီလနှင့် ယခုဖေဖော်ဝါရီလ နှိုင်းယှဉ်လျှင် ငရုတ်သီးခြောက်တောင့်ရှည်နှင့် ကုလားအော်သီးခြောက်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိနေသော်လည်း ဈေးရှိအတွင်း၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငရုတ်သီးခြောက်ရောင်းချသူတစ်ဦးထံမှ သိရှိရတယ်။

DOCA(ကယား)