ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဖေဖော်ဝါရီလ(ပထမ)ပတ်အတွင်း ဈေးကွက်အခြေအနေ

Powered by Drupal

     ဆိပ်ဖြူမြို့  ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသောကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ(၁)ရက်မှ (၇)ရက်နေ့(ပထမပတ်)အတွင်း တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီ(အသစ်)ကုန်ချိန်ပိဿာ(၄)သောင်းခန့်အဝင်ရှိပြီး (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

    ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းများမှာ အမြင့်ဈေး ထိပ်စ(ရှယ်)လျှင် ကျပ် (၁၃၀၀ မှ ၁၁၀၀)အထိ၊ အလတ်စလျှင် ကျပ်(၁၀၀၀ မှ ၉၅၀)အထိ၊ အသေးစလျှင် ကျပ်(၉၀၀ မှ ၈၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဇန်နဝါရီ(စတုတ္ထ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၇၂၅)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)လျှင် ကျပ်(၄၀၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်းကျဆင်းခဲ့သည်။

       ဆိပ်ဖြူမြို့မှ အခြားတိုင်းဒေသကြီးများသို့ ကြက်သွန်နီစီးထွက်မှုမှာ ရန်ကုန် ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၄)သိန်း၊ (၁၁၄၂၈)အိတ်၊ တန်ချိန်(၂) သောင်းခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီများ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  (၁၇၀၀ မှ ၅၀၀)ကျပ်အထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များာထံးမှတစ်ဆင့်သိရှိရသည်။

DOCA(မကွေး)