ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၅) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ် များကို ဆရာ၊ ဆရာမ (၅) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၀၅) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးအကြောင်း  သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစား အသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရေးအတွက် နမူနာ မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ကျောင်းကျန်းမာရေးကော်မတီဆရာမများသည် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်   ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)