“တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာသောပဲကြီး”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ငရုတ်၊ ကြက်သွန်စသည့် သီးနှံမျိုးစုံကို စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း တောင်သူဦးကြီးများက အပိုသီးနှံများအဖြစ် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ယခင်အချိန်က ပဲကြီးသီးနှံများကို လယ်ကန်သင်းရိုးများတွင် အပိုဝင်ငွေတိုးစေရန်အလို့ငှာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့ရာမှ ယခုအချိန်တွင် လယ်မြေယာမြေများ၌လည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပဲကြီးစိုက်ဧက (၁၉၂၇)ဧကစိုက်ပျိုးထားရှိပြီး ယခုအချိန်အထိ ရိတ်သိမ်းဧကမှာ (၈၆၀)ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းမှာ (၁၃)တင်းခန့်ထွက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်ရှိ ပဲကြီးအများဆုံးစိုက်ပျိုးသောကျေးရွာများမှာ ရဲကြီးကျေးရွာ၊ အရှေ့သပြေသာကျေးရွာများဖြစ်ပြီး ယခင်က အခြားရွာများတွင် ယင်းပဲကြီးကိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ရာမှ ယခုအချိန်၌ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲကြီးတစ်ဧကလျှင် ကုန်ကျစရိတ်မှာ သွင်းအားစုများအပါအဝင်(၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် တစ်ဧကလျှင် ()ပြည်နှင့် ()ဘူးကုန်ကျပြီး တစ်ပြည်လျှင် (၄၅၀၀/၅၀၀၀)ကျပ်ဈေးနှုန်းတို့ရှိကြောင်း၊ ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ကျင်းတွင် သုံးစေ့သာထည့်ပြီး အစေ့သေးပါက လေးစေ့ထည့်၍စိုက်ပျိုးရကြောင်း၊ ပဲကြီးသက်တမ်းမှာ ()လ(သို့မဟုတ်) ()လအတွင်းရှိပါသည်။ ပဲကြီးအမျိုးအစားအပေါ်မူတည်၍ ရက်ကြာနိုင်ကြောင်း၊ ဇန်နဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးပြီး ()လကြာလျှင် အဖူးအပွင့်များစတင်ဖူးပွင့်ပြီး အသီးအတောင့်များရင့်လာပါက ခူးဆွတ်ရပါသည်။ ရောင်းချရန်အတွက် ရင့်မှည့်သောပဲကြီးများကို ခူးဆွတ်ပြီး  အခွံခွာရပါသည်။ ပေါ်ဦးပေါ်စတွင်  အခွံခွာပြီသေား ပဲကြီးအစိုတစ်ပြည်လျှင် (၄၀၀၀)ကျပ်ဈေးရရှိပြီး၊ ယခုပဲကြီးများဖြိုင်ဖြိုင်ပေါ်ချိန်တွင် ပဲကြီးအစိုတစ်ပြည်လျှင် (၂၀၀၀)ကျပ်စျေးနှုန်းများဖြင့်သာ ရောင်းဝယ်လျက်ရှိပါသည်။ ယခင်နှစ်တွင် ပဲကြီးအခြောက်တစ်တင်းလျှင် (၆၅၀၀၀/-) ကျပ်၊ ယခုနှစ်တွင် ပဲကြီးအခြောက်တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်တို့ဖြစ်ပြီး ပဲကြီးကို ဟင်းချိုချက်၍သော်လည်းကောင်း၊ ပဲကြီးနှပ်၍သော်လည်းကောင်း၊ ပဲကြော်/ပဲလှော်ဖိုများကလည်း ကြော်လှော်ပြီး ရောင်းချကြပါသည်။ ပဲဖူးကြော်များကို လက်ဖက်နှင့်တွဲ၍လည်း စားသုံးကြပါသည်။ တောင်သူဦးကြီးများအနေဖြင့်လည်း စီးပွားဖြစ်ဝင်ငွေတိုးသောပဲကြီးကို တိုးချဲ့၍စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။