မအူပင် အ.ထ.က-၂ ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၂)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)က ကျင်းပပြုလုပ်ခဲ့သည်။

          ဟောပြောပွဲတွင် အထက်တန်းကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များစာဖတ်ခြင်းအကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု့အန္တရာယ် အကြောင်းကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားအဓိပ္ပာယ် နှင့် အားကစား အမျိးအစားများ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများအနေဖြင့် သတိပြုလိုက်နာရ မည့်အချက်များ၊  ဘေးအန္တရာယ် ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင် ဆိုသည်မှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များက စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဆိုလိုကြောင်း၊ ထို့ကြောင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သော ကုန်စည်များကို ဦးစားပေးဝယ်ယူ သုံးစွဲကြရန် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှံးမှုများ ရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမစုစုပေါင်း (၁၇၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)