“ကြက်သွန်နီစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကြက်သွန်နီ(ဆောင်း) စိုက်ဧကပေါင်း (၂၆၇၁၄)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မတ်လ တတိယအပတ်တွင် စိုက်ဧကအားလုံးကို ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းကြက်သွန်များကို ဩဂုတ်လတွင်ပျိုးထောင်ပြီး စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလကုန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးအားအသုံးပြုပြီး တစ်ဧကလျှင် ()ပြည်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ဈေးနှုန်းအနေဖြင့် အစောစိုက်ပျိုးချိန်တွင် ()ပြည်လျှင် (၅၀၀၀၀/-)ကျပ်ပေးရပြီး နောက်ပိုင်းတွင် (၁၀၀၀၀၀/-)ကျပ်အထိဈေးနှုန်းများရှိလာကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် မြေအမျိုးအစားကောင်းလျှင် (၁၀၀၀၀၀၀- ၁၅၀၀၀၀၀/-)ကျပ်နှင့် မြေအမျိုးအစားညံ့လျှင် (၁၅၀၀၀၀၀-၂၀၀၀၀၀၀/-)ကျပ်အထိကုန်ကျကြောင်း၊ ဒီဇင်ဘာလတွင် ထွက်ရှိသော ကြက်သွန်နီများမှာ ()ဧကလျှင် (၁၉၀၀)ပိဿာထွက်ရှိပြီး ဖေဖော်ဝါရီလ နောက်ပိုင်းထွက်ရှိသောကြက်သွန်များမှာ ()ဧကလျှင် (၂၉၀၀-၃၀၀၀)ပိဿာထွက်ရှိမည်ဟု ခန့်မှန်းရပါကြောင်း၊ ကြက်သွန်အား ပွဲရုံများ၌ အမျိုးအစား()မျိုးခွဲခြားထားသော်လည်း တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရာတွင် အမျိုးအစားခွဲခြားမှုမရှိဘဲ ထွက်ရှိသည့်အတိုင်းဝယ်ယူခဲ့ကြောင်း၊ စတင်ထွက်ရှိသည့်ဒီဇင်ဘာလဆန်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်ရရှိပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀-၂၃၀၀)ကျပ်အထိကျဆင်းလာကြောင်း၊ (--၂၀၂၃)ရက်နေ့တွင် ဘုရင့်နောင်ဈေးကွက်၌ ကြက်သွန်ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် အရည်အသွေးကောင်းပါက အဆင့်()ဈေးနှုန်းမှာ (၁၅၅၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၈၀၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၉၀၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၅၅၀)ကျပ်နှင့် အရည်သွေးနိမ့်လျှင် အဆင့်()ဈေးနှုန်းမှာ (၁၃၅၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၆၀၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၇၀၀)ကျပ်၊ အဆင့်()ဈေးနှုန်းမှာ (၁၁၅၀)ကျပ်ဈေးနှုန်းများရှိကြောင်း၊ ကားခဈေးနှုန်းများအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် (ကျောက်ဆည်-မူဆယ်)ပို့ဆောင်ခမှာ (၁၆၅)ကျပ်၊ (ကျောက်ဆည်-မြဝတီ)ပို့ဆောင်ခမှာ (၁၆၀)ကျပ်၊ (ကျောက်ဆည်-ရန်ကုန်)ပို့ဆောင်ခမှာ (၁၃၅)ကျပ်ဈေးနှုန်းများဖြင့် တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီစိုက်ပျိုးသော တောင်သူ၊ ကုန်သည်နှင့် ပွဲစားများထံသို့ ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။  

DOCA(မန္တလေး)