“ခရမ်းချဉ်သီးစျေးနှုန်းစျေးကွက်အခြေအနေနှင့် စားသုံးခြင်းအကျိုးကျေးဇူးများ”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် စားဖိုးဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးအား ဒေသတွင်းနှင့်တောင်ကြီး၊ ကလော၊ အောင်ပန်းဒေသများမှ အများဆုံးဝယ်ယူရောင်းချလျက်ရှိပါသည်။ မြို့နယ်များတွင် ရောင်းချလျက်ရှိသောခရမ်းချဉ်သီးစျေးနှုန်းများမှာ ယခင်အပတ်တွင် ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်၊ အင်းသီးတစ်ပိဿာလျှင်(၁၆၀၀/-)ကျပ်၊ ဗမာသီးတစ်ပိဿာလျှင် (၁၄၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုအပတ်တွင် ခရမ်းချဉ်သီး (ရှမ်း)တစ်ပိဿာလျှင် (၁၄၀၀/-)ကျပ်၊ အင်းသီးတစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်၊ ဗမာသီးတစ်ပိဿာလျှင် (၁၂၀၀/-)ကျပ်တို့ဖြစ်ပြီး အင်းသီးနှင့်ဗမာသီးမှာ ပေါ်ဦးပေါ်စတွင်သာ စျေးနှုန်းကောင်းမွန်ပြီး ယခုအချိန်တွင်စျေးအေးလျက်ရှိပါသည်။ ယခုအချိန်တွင် ကျောက်ဆည်ဒေသ၌ ခရမ်းချဉ်သီး(ဒေသအခေါ်) ဗမာသီးများစတင်ထွက်ရှိနေပြီဖြစ်သဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိပါသည်။ ခရမ်းချဉ်သီးစားသုံးခြင်းကြောင့် နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါကိုထိန်းချုပ်ပေးခြင်း၊ ဝမ်းချုပ်သူများအမြဲမှီဝဲသင့်ခြင်း၊ ကင်ဆာရောဂါအချို့ကိုလည်းကာကွယ်ပေးခြင်း၊ အသားအရည်ကိုတင်းရင်းလှပစေသည့်အပြင်း နေလောင်ဒဏ်မှ လည်းကာကွယ်ပေးနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုပါရရှိစေပါသည်။

DOCA(မန္တလေး)