စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရပ်သားပြည်သူများသာမက အခြား သက်ဆိုင်ရာဝန်ကြီးဌာနများ လက်အောက်ရှိ ဝန်ထမ်းများကိုလည်း စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေးဆောင်ရွက်လျက်ရှိ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)နှင့် ဦးကီးအောင်လိန်း (ဒု-ဦးစီးမှူး)တို့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ညနေ (၀၂း၃၀)နာရီအချိန်တွင် ချင်းပြည်နယ်၊ ဟားခါး မြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ဆိုင်ရာ အသိပညာပေးအခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါအခမ်းအနားတွင် ဒေါ်သူဇာမြင့်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဦးကီးအောင်လိန်းမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်း တာဝန်များနှင့် အခန်း(၂၄)တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို  ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများနှင့်အပြန်အလှန်ဆွေးနွေးမှုများ၊ အမြင်ချင်းဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းအင်အား စုစုပေါင်း(၂၇)ဦး တို့တက်ရောက်ခဲ့ကြပါသည်။

DOCA(Chin)