
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည်လျှင် ၂၆၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၂၃၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၂၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဇန်နဝါရီလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသ)ဆန်၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်၊ ချင်း၊ အမဲသား၊ ငါးကြင်းနှင့် ငါးမြစ်ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဈေးနှုန်းမြင့်တက် ရခြင်းမှာ တိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်များကြောင့် မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီ တစ်မျိုးသာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ဈေးနှုန်းကျဆင်းရခြင်းမှာ တောင်ကြီးမြို့မှ အဝင်များခြင်းဖြစ်ကြောင်းနှင့် ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(ရှမ်း)