ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးဦးဆောင်သော ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းဦးဆောင်သော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။

       စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း သောအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဝဲဒေါင့်ကျေးရွာ၊ အခြေခံပညာမူလ တန်းလွန်ကျောင်း၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရေလျှံကြီးကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း အသိပညာပေးဟောပြောပွဲ များပြုလုပ်ခဲ့ပါသည်။

         ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် အကြောင်း များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ကင်းစင်ကမ္ဘာတစ်ခွင်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။

        ဝဲဒေါင့်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၇၃ ဦးနှင့် ရေလျှံကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၁၂ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(Bago)