ပြည်စားဖိုဆောင်သီးနှံဈေးကွက်၌ ကြက်သွန်နီသီးနှံမှာ ယခုအချိန်တွင် တစ်ပိဿာကို ပျမ်းမျှ လက်လီ/လက်ကား ကျပ် (၅၀၀)ခန့် ထပ်မံကျဆင်းသွားပါသည်။ အဝင်များသည့်အတွက် ဈေးနှုန်းများ ကျဆင်းသွားခြင်းဖြစ်ပြီး ပြည်ဈေးကွက်သို့ တောင်တွင်း၊ ပခုက္ကူ၊ အောင်လံနှင့် မကွေးဘက်မှ ကြက်သွန်နီများပိဿာ (၃၀)ဝင်အိတ် (၆၀၀/၇၀၀)ခန့်ကို ရက်ခြားအဝင်ရှိနေပါသည်။ အိတ်ဆွဲဝယ် ရောင်းသမားများ၊ ဒေသတွင်းဝယ်လက်များ၊ နယ်ကျော်၊ တိုင်းကျော် စီးထွက်မှုအဖြစ် ပန်းတောင်း (ဥသျှစ်ပင်)၊ သာယာဝတီခရိုင်၊ ရခိုင်ပြည်နယ်(တောင်ကုတ်)၊ ဧရာဝတီတိုင်း (မြန်အောင်)တို့သို့ ရောင်းဝယ်မှုရှိနေပြီး ဝင်ရောက်မှု၏ လေးပုံသုံးပုံခန့် ရောင်းဝယ်မှုရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့် ယခင် လက်လီ/လက်ကား (၁၉၀၀-၂၄၀၀)ကျပ် ရှိရာမှ ယခုကာလပွဲရုံဈေး လက်ကား တစ်ပိဿာလျှင် (ကြီး/လတ်/သေး) (၁၃၀၀-၁၄၀၀-၁၅၀၀)ကျပ် နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၁၆၀၀/၁၇၀၀-၁၈၀၀/၁၉၀၀)နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)