စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမြင့်သူနှင့် စီမံရေးရာဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့ပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်းကောင်း ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်က ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး တွေ့ရှိချက်များနှင့် စားသုံးသူများ ဆောင်ရန်ရှောင်ရန် အချက်များကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲသို့ ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမ ၈ ဦး၊ ကျောင်းသား/ကျောင်းသူ ၅၃ ဦးတက်ရောက်ခဲ့ပြီး၊ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာဆရာမ ၈ ဦး၊ ကျောင်းသားကျောင်းသူ ၉၈ ဦး အသီးသီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)