ရေတာရှည်မြို့နယ် အောင်ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့ရှိ အောင်ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက မိတ်ဆက်စကားပြောကြားပြီး ခရိုင်ဦးစီးမှူးရုံးမှ သတင်း/နည်းပညာဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာ ဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိ စေ ရေးအတွက် ဦးစီးဌာနမှဆောင်ရွက်နေမှုများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို လည်းကောင်း၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်နေခြင်းများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်ကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

    ထို့နောက် ကျောင်းသားကျောင်းသူများက သိလိုသည်များကို‌ မေးမြန်းကြရာ ဌာနခွဲ တာဝန်ခံဦးမင်းဇော်က ပြန်လည်ရှင်းလင်းဖြေကြားပါသည်။ ဆက်လက်၍ ကျောင်းအုပ်ကြီး ဦးရဲမင်းစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ အောင်ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၅၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)