စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် (၁၄-၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အစည်းအဝေးခန်းမ၌ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးက ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များ ထုတ်လုပ်ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လိုက်နာရမည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရေးအတွက် လာရောက်လျှောက်ထားနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(ကရင်)