စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
လက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း ဒေသအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့သောစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ အလီလီရောင်းချပေးလျက်ရှိရာ မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ပထမပတ်အထိ လူတစ်ဦးလျှင် ၁ ပိဿာနှုန်းလျှင် ၄၉၀၀/-ကျပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများပေါ်အခြေခံ၍ ရောင်းချပေးလျက်ရှိရာ ယခုဆိုလျှင် (၂၆) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ပိဿာပေါင်း (၆၅၃၇၃၀)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ဝယ်ယူသုံးစွဲရာ၌ ပြင်ပပေါက်ဈေးနှုန်းမှာ ၆၈၀၀/- ကျပ်မှ ၆၉၀၀/- ကျပ်အထိဈေးနှုန်းရှိသည့်အတွက် အစစအရာရာခက်ခဲနေသည့်ကြားမှ ယခုကဲ့သို့ သက်သာသောဈးနှုန်းများဖြင့် လှည့်လည်၍ အကြိမ်ကြိမ်လာရောက်ရောင်းချပေးခဲ့ခြင်းအပေါ် စားသုံးသူပြည်သူအများစုက များစွာပီတိဖြစ်ရ သည်ဟုလည်းသိရှိရပါသည်။ နောက်နောင်လည်း ယခုကဲ့သို့ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချမှုအား ဆက်လက်၍ဆောင်ရွက်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်အသင်းဖွဲ့ထံမှသိရှိရပါသည်။
DOCA(မန္တလေး)