အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၈.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၄.၂.၂၀၂၃) ရက်နေ့တွင် ကျပ် (၂၇၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ (၁၅၀)အိတ်၊ နှမ်းဖြူ (၉၀)အိတ်၊ နှမ်းနီ (၁၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)အိတ်နှုန်းဖြင့် ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၇၀၀၀)၊ မတ်ပဲ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၅၅၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး  (၁)အိတ် လျှင် ယခင်အပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၄၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၈၀၀) ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၆၆၅၀၀) ဖြစ်၍ ကျပ်(၅၇၀၀)စသည့်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ဘိုကိတ်ပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးလျော့ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၈၀၀) အိတ်၊ ပဲစဉ်းငုံ(နီ) (၁၂၀၀) အိတ်၊ မတ်ပဲ(၁၁၀) အိတ်၊ ကုလားပဲ(HL) (၂၂၅)အိတ်၊ ကုလားပဲ(မြကြေး) (၁၂၀)အိတ်၊ ပဲကြီး (၂၈၀)အိတ် နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်း လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် (၁၁၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) (၂၇၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၇၅၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

      ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)