တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကျဆင်းလျက်ရှိ

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရှိရပြီး ၊ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါ သည်။

      ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများကို ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်းကိုနှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်းသိရှိရပါသည်၊၊ ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှထွက်ရှိသော ဒေသထွက်ကွမ်းသီးများကို ရန်ကုန်မြို့သို့တင်ပို့လျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့အထိ ၁၅၆၅၇၉၃၇/- ပိဿာတင်ပို့ခဲ့ရာ ထားဝယ်မှ ရန်ကုန်သို့ သယ်ယူပို့ဆောင်ခမှာ တစ်ပိဿာလျှင် (၁၀ဝိ/-)ကျပ်နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)