တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည့်တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင်ရှိပြီး တစ်နှစ်စာအတွက် ပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်းသိရှိရသည်။

        မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုးရှိပါသည်။ ယခုလက်ရှိ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသည်သာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။

       ယခုအပတ်၌   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅၀ နှုန်းပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေကိုက်လျက်ရှိသောကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းကျဆင်းလျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဘက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းကိုသိရှိရပြီး ယခုအခါ သယ်ယူပို့ဆောင်ခမှာ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)ကျပ်နှုန်းတို့ရှိကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)