ပံပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားရရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၁၄.၂.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် နွယ်တမယ်ကျေးရွာရှိ ပံပြောင်းစိုက်ပျိုးသော တောင်သူဦးအေးဝင်းထွန်းနှင့် တွေ့ဆုံ၍စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

             တောင်သူအနေဖြင့် ယခုနှစ်တွင်ဖူးစားပြောင်း (၁)ဧကစိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် (၁၃၅)ပံပြောင်းအမျိုးအစားကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ပံပြောင်း(၀.၅) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းကောင်းမွန်၍ တစ်ဖူးလျှင်ကျပ်(၁၁၀) ရရှိခဲ့ပါကြောင်း၊ ပံပြောင်းကို နှစ်စဉ်ချောင်းရေကျချိန် ဒီဇင်ဘာလတွင်စိုက်ပျိုးပြီး စိုက်ပျိုးရာတွင် လေဝင်လေထွက် ကောင်းပြီး အထွက်နှုန်းတိုးစေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၆)လက်မခန့် အကွာအဝေးစိုက်ပျိုးရပါ ကြောင်း၊ ယခုနှစ်တွင်(၁)ဧကလျှင် အပင်ရေ(၂၂၀၀၀)ခန့်စိုက်ပျိုးရာတွင် ပျမ်းမျှအပင်ရေ(၂၀၀၀၀) ဖြစ်ထွန်း ပါကြောင်း၊  စိုက်ပျိုးပြီး(၃)လအကြာတွင် စတင်၍အဖူးချိုးရပြီး(၁)ဧကလျှင် အဖူး(၂၀၀၀၀)ခန့် အဖူးချိုး ရ၍ ယခုနှစ်တွင် (၁)ဖူးလျှင် ကျပ်(၂၀၀)ရောင်းချရသည့်အတွက် (၁)ဧကဝင်ငွေ ကျပ်(၄၀)သိန်းခန့်ရရှိပြီး မျိုး၊ မြေပြုပြင်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုနှင့် လုပ်အားခများအပါအဝင် (၁)ဧကလျှင် ကျပ် (၁၉)သိန်းကုန်ကျ၍၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၁)သိန်း အကျိုးအမြတ်ရရှိကြောင်း၊ ထွက်ရှိပြီး သော ပံပြောင်းဖူးများကို တောင်သူများအနေဖြင့် မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ချောက်မြို့များသို့ သွားရောက်ရောင်းချကြပြီး တချို့ပွဲစားများအနေဖြင့် ပြောင်းခင်းအရောက် အခင်းပြတ် ဝယ်ယူကြပါ ကြောင်းနှင့် ယခုနှစ်ဆောင်းရာသီကာလတွင် (၁၃၅)ပံပြောင်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိပြီး ဝင်ငွေတိုးပွားလျက်ရှိပါကြောင်း တောင်သူဦးအေးဝင်းထွန်းထံမှသိရှိရပါသည်။

DOCA(မကွေး)