“တစ်နိုင်တစ်ပိုင်သက်ကယ်လုပ်ငန်းဖြင့်မိသားစုများဝင်ငွေတိုး”

Powered by Drupal

         ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းများသည်ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့်အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျောက်ဆည်မြို့နယ်၊လက်ပန်ပင်ကျေးရွာရှိသက်ကယ် လုပ်ငန်းအားသွားရောက်ပြီးကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့်လုပ်ငန်းလည်ပတ်မှု အခြေအနေများအားကွင်းဆင်းလေ့လာခဲ့ပါသည်။လက်ပန်ပင်ကျေးရွာတွင် ယခင်က လယ်ယာစိုက်ပျိုးရေးအပြင် သက်ကယ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်ဖြင့်အိမ်တိုင်းယက်လုပ်လျက်ရှိပြီး ရရှိလာသောသက်ကယ်များအား ဝါးပွဲရုံများ၌ဖောက်သည်သွင်းရကြောင်း၊ ယခုအခါတွင် ခေတ်စနစ်တွေပြောင်းလဲလာပြီး လူနေမှုပုံစံများ ပြောင်းလဲလာသည့်အတွက် သက်ကယ်အသုံးပြုသူ နည်းပါးလာသောကြောင့် သက်ကယ်လုပ်ငန်းမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါသည် ။ သက်ကယ်အား စျေးကွက်ဝယ်ယူမှုပြန်လည်ရရှိလာသည့်အတွက်ကြောင့်လုပ်ငန်းများပြန်လည်စတင်ခဲ့ကြောင်း၊ သက်ကယ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအနေဖြင့် သက်ကယ်ပင်အား အသုံးပြုရကြောင်း ၊ ၄င်းအပင်မှာ လယ်ကန်သင်ရိုးများတွင် အလေ့ကျပေါက်ပြီး သွားရောက်ရိတ်ယူရကြောင်း ၊ လူတစ်ဦးလျှင် တစ်မနက်ရိတ်ပါက သက်ကယ်စည်း(၂-၃)စည်းရိတ်၍ရကြောင်း၊သက်ကယ်တစ်စီးလျှင်(၂၀-၂၅) ဗျစ်အထိရရှိကြောင်း ၊ သက်ကယ်ယက်လုပ်ရန်အတွက် ဝါးသက်ကယ်တံလိုအပ်ကြောင်း ၊ သက်ကယ်တံကို ဝါးဖြင့်ပြုလုပ်ပြီး ဝါးတစ်လုံးတန်ဖိုးမှာတစ်လုံးလျှင်(၁၁၀၀-၁၂၀၀)ကျပ်အထိပေးရ ကြောင်း၊ဝါးတစ်လုံးလျှင် သက်ကယ်တံအရှည်(၄)ပေအချောင်း(၈၀)ရရှိကြောင်း ၊ သက်ကယ်ပျစ်ရန် အသုံးပြုသည့်လျှော်မှာလည်း အလေ့ကျပေါက်သည့် ဆပ်သွားဖူးအပင်ကို လျှော်အဖြစ်အသုံးပြုကြောင်း၊ လူတစ်ဦးတစ်ရက်သက်ကယ်ပျစ်လျှင် (၅၀-၆၀)ဗျစ်အထိရရှိကြောင်း ၊ သက်ကယ်ဗျစ် (၁၀၀)လျှင်(၁၀၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ရောင်းချရရှိပြီး ဖောက်သယ်စျေးအနေဖြင့် (၁၀၀)လျှင် (၈၀၀၀/-)စျေးနှုန်းများဖြင့် ရောင်းချရကြောင်း ၊ စျေးကွက်အနေဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသများ၊ စားသောက်ဆိုင်များမှ အော်ဒါမှာယူ၍ ရောင်ချလျှက်ရှိပါသည် ။ သက်ကယ်လုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့်အတွက် အရင်းအနှီးအနေဖြင့် ဝါးတန်ဖိုးသာရှိသည့်အတွက် လုပ်ငန်းလည်ပတ်နိုင်သည့် လုပ်ငန်းမျိုးဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိသောလုပ်ငန်းဖြစ်ပါကြောင်း ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(One Village One Product) အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)