ကြို့ပင်ကောက်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စက်တိုင်ကုန်းရပ်ကွက်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်အရ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ၁-၂-၂၀၂၃ ရက်နေ့တွင် ဆန်များရောင်းချပေးခဲ့ပါသည်။

     ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များဝယ်ယူစားသောက်နိုင်ရေးအတွက် ဆန်တစ်ပြည်လျှင် ၁၉၀၀ ကျပ်နှုန်းဖြင့် စက်တိုင်ကုန်းရပ်ကွက် နဂါးနီလမ်း၊ အနောက်မြို့မပတ်လမ်းနှင့် ဦးလူကလေးလမ်းတို့တွင် အိမ်ထောင်စု ၄၈၀ ဦးတို့အတွက် စုစုပေါင်းဆန်အိတ် ၂၀ အိတ်ရောင်းချပေးခဲ့ပါသည်။

     ဆန်ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)