ကြို့ပင်ကောက်မြို့နယ် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးနိုင်မှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံဖြစ်သောနေကြာကို စိုက်ဧကပေါင်း (၃၇၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

      ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ဆင်းနေကြာ  -၂ နေကြာမျိုးစေ့ အိတ် (၃၇၀၀) ကျော်အား ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ဓာတ်မြေသြဇာတစ်အိတ်လျှင် ၃၄၄၀၀ ကျပ်နှုန်းဖြင့် တစ်ဧကလျှင် အိတ်ဝက်နှုန်းရောင်းချပေးခဲ့ပါကြောင်းနှင့် နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ရာ စစ်ကုန်း ၂ ကျေးရွာအုပ်စုမှ တောင်သူဦးမြင့်စိုးက မျိုးစေ့ထုတ်ဧက ၁၁၂ ဧကနှင့် လက်ပံပင်စုကျေးရွာမှ တောင်သူ ဦးဝင်းအောင်က မျိုးစေ့ထုတ်ဧက ၁၁ ဧကတို့ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့၍ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့်များကို ပြန်လည်အသုံးပြုဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ GBK ဆီထွက်သီးနှံဖြစ်သောနေကြာကိုလည်း ဆောင်းသီးနှံပဲစိုက်ခင်းများတွင် သီးထပ်သီးညှပ်အဖြစ် (၃၅၃၁)ဧကနှင့် သီးသန့်စိုက်ပျိုးမှုတွင် (၁၇၀)ဧက စုစုပေါင်း (၃၇၀၁)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ အခြားဆီထွက်သီးနှံများဖြစ်သော မြေပဲစိုက်ဧက ၁၇၁၅ ဧကနှင့် နှမ်း ၃၅၁ ဧကတို့ကိုလည်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ လာမည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)