ပေါင်မြို့နယ်၊ အထက (ဆင်ဖြူရပ်) မုတ္တမကျောင်းတွင် စားသုံသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      ၁၃.၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးနေဇင်သက်သည် ပေါင်မြို့နယ်၊ အထက (ဆင်ဖြူရပ်) မုတ္တမကျောင်း၌ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲအားကျင်းပပြုလုပ်ပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်စားသုံးသူအခွင့်အရေးများ၊ စားသုံးရန်မသင့်သည့် ဘေးအန္တရာယ်ဖြစ်စေသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာမှုအတွက် တိုင်ကြားနိုင်သည့်နေရာ၊ နည်းလမ်း၊ Call Center ဖုန်းနံပါတ်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တို့အားဟောပြော ဆွေးနွေးခဲ့ကြောင်းနှင့်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၆၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(Mon)