ပန်းတောင်းမြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုး

Powered by Drupal

       ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်တွင် နွေစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် တစ်ဧက ကုန်ကျစရိတ်များအားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာသို့ (၈-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီခန့်အချိန်တွင်သွားရောက်၍ နွေစပါးစိုက်ပျိုးသူတောင်သူ ဦးမောင်ညိုအား တွေ့ဆုံမေးမြန်းခဲ့ရာ စိုက်ကွင်းအမှတ်(၉၇)တွင် နွေစပါး(၁)ဧကစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ထိုင်းနှံကောက်အမျိုးအစားဖြစ်ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် စပါးတစ်တင်းခွဲကို ကြဲပက်၍စိုက်ပျိုးရကြောင်း၊ မျိုးစပါးတစ်တင်းလျှင် (၁၄၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး တစ်တင်းခွဲလျှင် (၂၁၀၀၀)ကျပ်ခန့်ကုန်ကျပါကြောင်း၊ စပါးထွန်ယက်ရာတွင် (၂)စပ်ထွန်ယက်ရပြီး ကုန်ကျငွေမှာ (၁၂၆၅၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ သွင်းအားစုအနေဖြင့် (၁၄၂၅၀၀)ကျပ်နှင့် လုပ်သားငါးဦး၏တစ်ကြိမ်ပေါင်းရှင်းခမှာ တစ်ဦးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် (၆)ကြိမ်ပေါင်းရှင်းရပြီး ကုန်ကျငွေမှာ (၉၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စုစုပေါင်းနွေစပါးတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃၈၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် နွေစပါးတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၆၀၀၀၀)ကျပ်ခန့်ကုန်ကျခဲ့၍ ယခုနှစ်တွင် သွင်းအားစုဈေးများကြီးမြင့်လာခြင်းနှင့် လုပ်အားခများကြီးမြင့်လာခြင်းတို့ကြောင့် ကုန်ကျစရိတ်များမြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)