တောင်အမေရိကတိုက်နှင့် ပီရူးနိုင်ငံတို့သည် ခရမ်းချဉ်သီးကို စတင်စိုက်ပျိုးရာဒေသများဖြစ်ပါကြောင်းနှင့် နုန်းမြေနှင့် နုန်းစနယ်မြေတို့တွင် ကောင်းကောင်းဖြစ်ထွန်းပါကြောင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်လွန်ကဲသောရာသီဥတုမျိုးတွင် အပင်သေစေနိုင်ပါကြောင်းနှင့် ယခုအခါ ဆောင်းရာသီဖြစ်၍ အေးလွန်းခြင်းကြောင့် ခရမ်းချဉ်သီးများမှာ အထွက်နှုန်းကျဆင်းလာပါကြောင်းတို့ကို သိရှိရပါသည်။
ယခင်က ခရမ်းချဉ်သီးကို စိုက်ပျိုးသူများပြားသကဲ့သို့ ထွက်ရှိသည့်ပမာဏလည်းများပြား၍ ဇန်နဝါရီလ ပထမအပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှုန်းရှိခဲ့ရာ ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းများကျဆင်းလာပါကြောင်း၊ ခရမ်းချဉ်သီးပင်ကို တစ်ဧကလျှင် အပင်ရေ (၈၀၀၀ မှ ၁၀၀၀၀)ပင်ကြားစိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင် တစ်ပိဿာခန့်ထွက်ရှိပါကြောင်းနှင့် ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတလည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် အများဆုံးထွက်ရှိ၍ တစ်နှစ်လျှင် နှစ်သီးခန့်စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)