ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာနှင့် သိုက်ဝါးချောင်းကျေးရွာရှိ ပိုက်ဆံလျှော်ပင်များစိုက်ပျိုးထားသော စိုက်ဧက(၃၃)ဧကအား လေ့လာရာတွင် သစ်စိမ်းမြေသြဇာအတွက် (၁၈)ဧကနှင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၅)ဧကရှိကြောင်း၊ ပိုက်ဆံလျှော်ပင်ကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး သစ်စိမ်းမြေသြဇာအတွက် (၄၅)ရက်သားတွင်ခုတ်လှဲကာ ထယ်ထိုးမြေလှန်၍ မြေသြဇာပြုလုပ်ရကြောင်း၊ မျိုးစေ့ထုတ်ရန်အတွက်မူ (၄)လကြာမှ မျိုးအောင်မည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလတွင် အသီးများရင့်မှည့်မှ မျိုးစေ့ထုတ်ယူရကြောင်း၊ မျိုးစေ့တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ကြဲပက်စိုက်ပျိုးရကြောင်း၊ အောက်ရေခမ်းသောအချိန်တွင် ယူရီးယားပုလဲမြေဆီကို ရေဖျော်၍ တစ်ဧကလျှင် ဆေးဖျန်းပုံး ၆ ပုံးပက်ဖျန်းပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၁ ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၄ ပြည်လျှင် ၁၆၀၀၀ ကျပ်၊ ယူရီးယားတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် တစ်ဧကအတွက် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၀၀၀ ကျပ်ခန့်ကုန်ကျကြောင်းနှင့် နိုက်ထရိုင်ဂျင်ပမာဏ များများထုတ်ပေးသည့်ပိုက်ဆံလျှော်ပင်သည် သဘာဝသစ်စိမ်းမြေသြဇာအဖြစ် ထင်ရှားပြီး အပင်ပိုင်းနှင့် အမြစ်ပိုင်းဆိုင်ရာကြီးထွားမှုအားကောင်းခြင်း၊ မြေဆီလွှာပျက်ဆီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း ကာကွယ်ပေးခြင်းကြောင့် သွင်းအားစုများဈေးမြင့်တက်နေသောအချိန်တွင် သွင်းအားစုအစားထိုးအနေဖြင့် တောင်သူများအကျိုးဖြစ်ထွန်းစေရန် ကုန်ကျစရိတ်သက်သာသောပိုက်ဆံလျှော်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)