မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

       ဆောင်းရာသီမှ နွေရာသီသို့ ရာသီအကူးအပြောင်းကာလဖြစ်၍ ကလေး၊ လူကြီးမရွေး လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာမှုများဖြစ်ပေါ်လျက်ရှိရာ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိသည့်အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမအပတ်နှင့် ဒုတိယအပတ်တွင် ဆေးဝါးစျေးနှုန်းများအတက်အကျရှိကြောင်းသိရှိရပါသည်။

         မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့်အိမ်သုံးအားဆေးများမှာ ဖေဖော်ဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် စျေးနှုန်းပြောင်းလဲလျက်ရှိပြီး အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ Cetrine (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၅၀)၊ ဓာတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၀၀)၊ Sara (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၂၅၀)၊ Mixagrip (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၇၅၀)၊ Solmux (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Burmeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Amoxicilline အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၅၀၅၀)၊ Decolgen (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၀၀)၊ Cevit အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၂၀၀၀)တို့ဖြင့် အသီးသီးစျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး paracetamol (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၃၅၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၃၀၀)ဖြစ်၍ ကျပ်(၅၀)စျေးလျော့လာကြောင်း၊ Biogesic (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၁၃၀၀)ဖြစ်ခဲံပြီး၊ ယခုအပတ်တွင် ကျပ်(၉၅၀)ဖြစ်၍ ကျပ်(၂၅၀)စျေးလျော့လာကြောင်း၊ Alexa (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင်ကျပ်(၂၅၀၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၂၁၀၀)ဖြစ်၍ ကျပ်(၄၀၀)စျေးလျော့လာကြောင်း၊ Woods (၁၅)လုံးပါတစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၇၉၀၀)ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် ကျပ်(၇၆၀၀) ဖြစ်၍ ကျပ်(၃၀၀)ဖြင့် စျေးနှုန်းများလျော့ကျလာကြောင်း ဆေးဆိုင်များထံမှလေ့လာသိရှိရပါသည်။

DOCA(မကွေး)