ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံ၊ ဆီထွက်သီးနှံ ဈေးနှုန်းဈေးကွက်နှင့် ဆန်၊ စပါး ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ ကွင်းဆင်းလေ့လာ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဟန်ဝင်းကျော်၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန ပြည်နယ်တာဝန်ခံတို့သည် ၁၉-၂-၂၀၂၃ ရက်နေ့၊တနင်္ဂနွေနေ့၊ ၁၄:၀၀ နာရီအချိန်တွင် ဘားအံ-ထုံးအိုင်လမ်းမကြီးရှိ “ရွှေကံထူး” ပဲပွဲရုံနှင့်ဘားအံမြို့၊ နောင်ထလုံးကျေးရွာရှိ တန် (၆၀)ကျ “အောင်ဆန်းငွေလာ” အဆင့်မြင့်ဆန်စက်သို့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်လယ်ယာထွက်ကုန်သီးနှံ ဆန်၊ စပါးရောင်းဝယ်ဖောက်ကားမှုဈေးနှုန်း ဈေးကွက်အခြေအနေနှင့်ကြိတ်ခွဲထုတ်လုပ်ထွက်ရှိအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာရာတွင် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့်အဖွဲ့က “ရွှေကံထူး”(ပွဲရုံ) ပိုင်ရှင်အားတွေ့ဆုံပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို ပြည်တွင်း၊ ပြည်ပဈေးကွက်သို့တင်ပို့နိုင်မှုအခြေအနေများ၊ ဒေသတွင်းဖြစ်ပေါ်လျက်ရှိသော သီးနှံဈေးကွက် ဈေးနှုန်းဖြစ်ပေါ်မှုအခြေအနေများ၊ သီးနှံများဖြစ်ထွန်းအောင်မြင်မှု၊ တွက်ခြေကိုက်မှု၊ ကုန်ပစ္စည်းဝယ်ယူရရှိမှု၊ ကုန်စည်စီးဆင်းမှုအခြေအနေများနှင့်အခြားသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး နောင်ထလုံးကျေးရွာရှိ ဦးအောင်ဇော်ထက်၏ တန်(၆၀) ကျအဆင့်မြင့်ဆန်စက်သို့ သွားရောက်လေ့လာကာ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စက်တည်ဆောက်ထားမှု ကုန်ကြမ်းသိုလှောင်ထားရှိမှု၊ စပါးအခြောက်ခံစက် ဆောင်ရွက်ထားရှိမှုနှင့်ဆန်၊ စပါးနှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာခဲ့ကြကြောင်းသိရှိရပါသည်။

        ထို့အပြင်ကရင်ပြည်နယ်တွင်  လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲမျိုးစုံ၊ ဆီထွက်သီးနှံ များ၊ ဆန်၊ စပါးနှင့် ဆန်ထွက်ပစ္စည်းများမှာ ဈေးကောင်းရလျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(Kayin)