စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ပဲစဉ်းငုံအပြင် ကုလားပဲများ စတင်ဝင်ရောက်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းမှုအရ သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ကုလားပဲ(ဆောင်း) (၆၄၃၀၄) ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၄၉၆၉)ဧက၊ ဝက်လက်မြို့နယ်တွင်(၅၆၈၈၈)ဧကနှင့် ခင်ဦးမြို့နယ်တွင် (၂၄၄၇)ဧကစိုက်ပျိုးကြောင်း၊ ဝက်လက်မြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး တစ်ခရိုင်လုံး စိုက်ဧက၏(၈၈)%ကျော် စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့် ကုလားပဲများမှာ စတင်ရိတ်သိမ်းလျက်ရှိပြီး (၁၀.၂.၂၀၂၃)ရက်နေ့အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၆၀၉၀၇)ဧကဖြစ်၍ တစ်ဧကအထွက်နှုန်းမှာ (၂၄)တင်းကျော်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
ရိတ်သိမ်းပြီးသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း၊ ရွှေဘိုဈေးကွက်သို့ ဝက်လက်မြို့နယ်အတွင်းရှိ ကျောက်တိုင်ကျေးရွာနှင့် မင်းကျီကျေးရွာများမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ တစ်တင်းလျှင်(၆၃၀၀ဝိ/-)ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀)တင်း/(၄၂)တန်ဖြစ်ကြောင်း၊ ရွှေဘိုမြို့တွင် ကုလားပဲ အခွံချွတ်သည့်စက် မရှိသေးသဖြင့် မန္တလေးသို့ တင်ပို့ရောင်းချမှုများသော်လည်း ယခုအချိန်တွင် ကုန်သည်အများစုအနေဖြင့် ဝယ်ယူရရှိသည့် ကုလားပဲများကို အခြားဒေသများသို့ ပြန်လည်ရောင်းချခြင်းမပြုသေးဘဲ လက်ဝယ်ထားရှိကြကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)