စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဈေး ၊ ကျောင်း / တက္ကသိုလ်/ ရပ်ကွက်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည့်အပြင် “ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်”ဆိုသည့် ဌာန၏ ရည်မှန်းချက်တာဝန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါ သည်။
ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိရာ ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးမြစ်ချင်းအကောင်လိုက် တစ်ပိဿာလျှင်(၇၀၀ဝိ/-)၊ ငါးအုံတုံ အကောင်လိုက် တစ်ပိဿာလျှင် (၆၀၀ဝိ/-)၊ ငါးကြင်း အ ကောင်လိုက် တစ်ပိဿာလျှင် (၆၀၀ဝိ/-)၊ ငါးမုတ် အကောင်လိုက် တစ်ပိဿာလျှင် (၆၀၀ဝိ/-)၊ ငါးဒန်(ခေါ်) ငါးမြင်း အကောင်လိုက်တစ်ပိဿာလျှင် အကောင်သေး (၅၀၀ဝိ/-)၊ အကောင်ကြီး (၅၅၀ဝိ/-)၊ ဆလားဗီးယားအကောင်လိုက် တစ်ပိဿာလျှင် အကောင်သေး (၅၅၀ဝိ/-)၊ အကောင်ကြီး (၇၀၀ဝိ/-)၊ ငါးအုံတုံ အသားကွင်း တစ်ပိဿာလျှင် (၁၆၀၀ဝိ/)၊ ငါးအုံတုံငါးပိတစ် တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)၊ ငါးကြင်းခြစ်တစ်ပိဿာလျှင် (၁၆၀၀ဝိ/)၊ ငါးရံခေါင်းတို တစ်ပိဿာလျှင် (၁၀၀၀ဝိ/-)၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀ဝိ/-)၊ ပုစွန်ထုပ် တစ်ပိဿာလျှင် (၂၄၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးဒိုင်များနှင် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)