“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၆-၁-၂၀၂၃ ရက်နေ့မှ ၁-၂-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) (၃၄၁၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၂၀၀) ပိဿာတို့ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၄၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိဖြစ်ခဲ့ကြောင်း၊ ၃-၂-၂၀၂၃ ရက်နေ့မှ ၈-၂-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) (၃၅၁၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၀၀၀) ပိဿာတို့ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၄၀၀ ကျပ်မှ ၃၇၀၀ ကျပ်အထိဖြစ်ခဲ့ကြောင်း၊ ၉-၂-၂၀၂၃ ရက်နေ့မှ ၁၄-၂-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ (ဆိပ်ဖြူ) (၃၅၇၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၀၅၀၀) ပိဿာတို့ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၃၇၀၀ ကျပ်အထိဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီအသစ်များလှိုင်လှိုင်ပေါ်၍ အဝင်များပြီး ဈေးနှုန်းများဆက်လက်ကျဆင်းလျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးတာဝန်ခံရုံးထံမှသတင်းရရှိပါသည်။

DOCA(ရန်ကုန်)