![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/243.jpg?itok=4VG1M6BH)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ကျီးပင်၊ ကန်ဦး စသည့်ကျေးရွာများမှ မတ်ပဲများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဖေဖော်ဝါရီလ ပထမအပတ်တွင် မတ်ပဲစျေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်းနှင့် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၂၆၇၅)ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)အထိ စျေးနှုန်းပြန်လည်မြင့်တက်လာခဲ့ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
သို့ဖြစ်၍ ဇန်နဝါရီလနောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၃၂၅)စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် (၁)ပတ်လျှင် အိတ်ရေ(၂၀၀၀)ခန့် ရန်ကုန်သို့တင်ပို့ရကြောင်း ကုန်သည် ဦးမောင်ချို၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(မကွေး)