၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဒေသဆန်ဈေးနှုန်းများမှာ တရုတ်မွှေးဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်၊ ပုလဲသွယ်ဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ရွှေအဆန် တစ် ပြည်လျှင်(၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ထိုင်းမွှေးဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း ဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း အရောင်းအဝယ်မှာပုံမှန်လည်ပတ်လျက်ရှိကြောင်း၊ အခြားဒေသမှ တင် သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ဇီယာဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ် နှင့် (၂၄) ပြည် တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်၊ ပေါ်ဆန်းဆလတ်ဆန် တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှင့် (၂၄) ပြည်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော်ဆန်တစ်ပြည်လျှင် (၃၂၀၀)ကျပ်နှင့် (၂၄) ပြည်တစ် အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင်(၃၂၀၀)ကျပ် နှင့် (၂၄) ပြည်တစ်အိတ် လျှင် (၇၃၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(ဖျာပုံ၊ ရန်ကုန်) တစ်ပြည်လျှင်(၃၇၀၀) ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင်(၄၀၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်တို့ဖြင့် ယခုပတ်တွင် ဈေးနှုန်းတည်ငြိမ်နေသော်လည်း အရောင်းအဝယ် အေးမသွားဘဲ ပုံမှန်လည်ပတ်အရောင်းအဝယ်ဖြစ်လျက်ရှိနေပါကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)